สร้างภูมิคุ้มกันยาเสพติดเพื่อแรงงานที่ มั่นคง Sub Myanmar
မူးယစ်ဆေးဝါးကို ရပ်တန့်ကြစို့။ ပိုမိုကောင်းမွန်တဲ့ ဘဝ၊ အလုပ်အကိုင်နဲ့ မိသားစုအတွက်
အလုပ်သမားများ မူးယစ်ဆေးဝါးကင်းဝေးစေရေး စီမံကိန်း” မှ အလုပ်ရှင်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအားလုံး မူးယစ်ဆေးဝါးကင်းစင်သော လုပ်ငန်းခွင်ဖြစ်လာစေရန် အတူတကွ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် -
1️⃣ သိရှိနားလည်ထားရန်: ကျန်းမာရေးနှင့် အနာဂတ်ကို ဖျက်ဆီးတတ်သော မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် အန္တရာယ်များကို သိရှိနားလည်ပါ။
2️⃣ ကာကွယ်တတ်စေရန်: လုပ်ငန်းခွင်အတွင်းရှိ မိမိကိုယ်တိုင်နှင့် လုပ်ဖော်ကိုင်ဖက်များအတွက် မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်နိုင်ရန် အသိပညာများ တည်ဆောက်ပါ။
3️⃣ ဂရုစိုက်မှုကို လက်ဆင့်ကမ်းရန်: မူးယစ်ဆေးဝါး သံသရာကို ဖြတ်တောက်နိုင်ရန်အတွက် မိမိသိရှိထားသော အသိပညာများကို မိသားစုနှင့် လူမှုအသိုင်းအဝိုင်းထံ ပြန်လည်မျှဝေပေးပါ။
အားလုံး၏ ဘေးကင်းလုံခြုံရေးနှင့် ကောင်းမွန်သော ဘဝအရည်အသွေးအတွက် ယနေ့ပင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြပါစို့။